
Oriental Japanese Language Centre

OJC Language School မှ ကြိုဆိုပါတယ်....
OJC Language School ကို 2017 မေလ မှ စတင်၍ ဖွင့်လှစ်ခဲ့ပြီး ဂျပန်လူမျိုး Mr. Shingi Takada မှ ဦးစီး၍ ဂျပန်စာသင်ကြားပေးခဲ့ပါသည်။ သင်တန်းဖွင့်ပြီး လအနည်းငယ်အတွင်း အောင်မြင်မှုများရရှိခဲ့ပါသည်။ ဂျပန်စာသင်ကြားရာတွင် တိကျသောစည်းမျဉ်းများ ဖြင့်သင်ကြားခြင်း ၊ ဂျပန်နိုင်ငံတွင် ပညာသင်ကြားရာ တွင်လွယ်ကူစေရန် ဂျပန်ကျောင်းများမှ အသုံးပြုသော နည်းစနစ်အတိုင်းသင်ကြားပေးခြင်း ၊ ဂျပန်နိုင်ငံတွင် နေထိုင်အလုပ် လုပ်ကိုင်ရာတွင် ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုများ နှင့် စည်းမျဉ်းစည်းကမ်းများအား သိရှိလေ့လာနိုင်ရန်အတွက် အဓိကထားသင်ကြားပေးခြင်း ၊ ဂျပန်နိုင်ငံတွင်လည်း ကိုယ်ပိုင်ကျောင်းရှိခြင်း ထိုအပြင် အခြားကျောင်း ( ၄ ) ကျောင်းနှင့်ပါ ချိတ်ဆက်ထားခြင်း စသည့်အချက်များကြောင့် ဂျပန်စာတက်မြောက်ရန် အတွက် အာမခံအပြည့်အ၀ရှိနေပါသည်။ သင့် အနေဖြင့် ဂျပန်နိုင်ငံတွင် ပညာသင်ကြားရန်အစီအစဉ် ရှိလျှင်လည်း ဂျပန်နိုင်ငံသို့ သွားရောက်နိုင် ရန်အတွက် စီစဉ်ဆောင်ရွက် ပေးလျှက်ရှိပါသည်။ လက်ရှိသင်ကြားနေသည့် Course များမှာ N5, N4 များအားသင်ကြားနေပြီ မကြာမီအချိန်တွင်လည်း N3, N2, N1 သင်တန်းများအားတိုးချဲ့ ရန်အစီအစဉ်များရှိပါသည်။ မြန်မာနိုင်ငံတွင် သင်တန်းဖွင့်ရသည့်အဓိက အကြောင်းအရင်းမှ မြန်မာလူမျိုးများ ဂျပန်နိုင်ငံသို့ အလည်အပတ်သွားရောက်ခြင်း သို့မဟုတ် ကျောင်းတက်ရန် သွားရောက်ခြင်းများ စသည့် အကြောင်းအရင်းများကြာင့် ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့လျှင် ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် စည်းမျဉ်းစည်းကမ်းလေးစားလိုက်နာမှုများ အားသိရှိစေရန် ရည်ရွှယ်ခြင်းဖြစ်ပါသည်။
ဂျပန်နိုင်ငံသို့ ကျောင်းတက်ရန်သွားရောက်ခြင်း

ဂျပန်နိုင်ငံသို့ သွားရောက်ပြီး ကျောင်းတက်ရောက်လို သော သူငယ်ချင်းများကို အကောင်းဆုံးနှင့် စိတ်အချရဆုံး ကျောင်းအဖြစ် သူငယ်ချင်းများကို မိတ်ဆက်ပေးလိုက်ပါ တယ် ဂျပန်တွင်ကျောင်းသွားရောက်တက်ရောက်မည်ဆို ပါက လိုအပ်ချက်များ သင်ကြားပြသပေးသွားမည်ဖြစ်ပြီး အသုံးဝင်သော Manner, Cultrue များကို သင်ကြားပြ သပေးသွားမှာဖြစ်ပါတယ်
ဂျပန်နိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်ရန် (Training VISA)

ဂျပန်နိုင်ငံတွင် အလုပ်သွားရောက်လိုသူများ အတွက်လည်း (Training VISA) များကိုစီစဉ်ပေးလျှက်ရှိပါသည်။ ဂျပန်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရာတွင် လိုအပ်ချက်များ ကို သင်ကြားပေးနေပြီ အပြုအမူအနေအထိုင် အပြောအဆို များကို သင်ကြားပြသပေးသွားမည်ဖြစ်ပါသည်။